တရုတ်နိုင်ငံ The Chinese Academy of Arts and photography (ILFlAP) ဓာတ်ပုံအသင်းနှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းတို့ “The Silk Road Youth International Photography Competition” Program ကျင်းပရေး ညှိနိုင်းအစည်းအဝေး ကို ဧပြီလ ၂၄ရက် မွန်းလွဲ တစ်နာရီတွင် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း တွင် ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး၊ အတွင်းရေးမှုး ဦးညွှန့်နိုင်၊ တွဲဖက်အတွင်းရေးမှုး ဦးအောင်ပြည့်စိုး၊ ပြန်ကြားရေးမှုး ဦးတင်အောင်ကြီး နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ILFIAP မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် အသင်းနှစ်သင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် “The Silk Road Youth International Photography Competition” Program ကျင်းပရေးဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ထိုနောက် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။Read More →

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ ၂၀၁၇ – ၂၀၁၈ ခုနှစ် အမှုဆောင်များနှင့် အသင်း၏ ကော်မတီများမှ ကော်မတီဝင်များ စုံညီအစည်းအဝေးကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ခန်းမတွင်၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ နေ့လည် တစ်နာရီက ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ နာယကကြီးများ၊ အသင်းဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုးနှင့် အမှုဆောင်များ၊ အသင်းဥပဒေအတိုင်ပင်ခံအဖွဲ့၊ စည်းရုံးရေး စည်းကမ်းထိန်းသိမ်းရေးနှင့် သင်တန်းကြီးကြပ်ရေး ကော်မတီ၊ ပညာပြန့်ပွားရေးနှင့် သုသေသနကော်မတီ၊ နိုင်ငံတကာ ဆက်သွယ်ရေးကော်မတီ၊ ဓာတ်ပုံပြပွဲပြိုင်ပွဲကျင်းပရေး ကော်မတီ၊ ဓာတ်ပုံပြိုင်ပွဲ စီစစ်ရေးကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် ပြန်ကြားရေးအဖွဲ့၊ အသင်းစည်းမျဉ်း ပြန်လည်ရေးဆွဲရေး ကော်မတီ၊ ဘဏ္ဏာငွေ ရှာဖွေရေးကော်မတီ၊ သာရေးနာရေးကော်မတီ၊ ဈေးရောင်းပွဲတော်ကျင်းပရေး ကော်မတီ၊ ဓာတ်ပုံဆိုင်ရာ မူပိုင်ခွင့်ကော်မတီ နှင့် သမိုင်းပြုစုရေးကော်မတီများမှ အဖွဲ့ခေါင်းဆောင်များ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နာယကကြီးများမှ လမ်းညွှန်အမှာစကား ပြောကြားကြပြီး အသင်းဥက္ကဌမှ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လက်ရှိ လုပ်ဆောင်နေမှုများ၊ တိုးတက်လုပ်ဆောင်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။ ထိုနောက် ကော်မတီ တစ်ဖွဲ့ခြင်းအလိုက် အဖွဲ့ခေါင်းဆောင်များမှ ရှေ့လုပ်ငန်းစဉ်များအတွက် တင်ပြ ဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးကြကာ အသင်းနာယကကြီးများမှ လုပ်ငန်းစဉ်အလိုက် လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ညနေ ၄နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။  Read More →

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ ၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာနှင့် ကင်မရာအပိုပစ္စည်းများ ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၉နာရီခွဲတွင် မြန်မာနိုင်ငံဓာတ်ပုံအသင်း တည်ရှိရာ အမှတ် ၂၇/၂၉၊ ၃၅ လမ်း (အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ အသင်းခန်းမ တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနား သို့ အသင်းနာယကကြီးများဖြစ်ကြသည့် ဦးသီဟသိန်းဥာဏ်၊ ဦးမောင်မောင်သောင်း၊ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီဦးစိုးမိုး ၊ အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း)၊ ဒုက္ကဌ ဦးခင်မောင်မြင့် (ခ) ဦးဆန်နီ နှင့် အသင်းအတွင်းရေးမှုး၊ အမှုဆောင်အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များ၊ စာနယ်ဇင်းများမှ တာဝန်ရှိသူများ၊ အသင်းသူ အသင်းသားများ၊ စိတ်ဝင်စားသူများ စုံညီစွာ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားမှုး အသင်းတွဲဖက်အတွင်းရေးမှုး ဦးစန်းဌေး (မြန်မာ) မှ အခမ်းအနား အစီအစဉ်များကို ဖတ်ကြားပြီး အသင်းနာယကများ၊ အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း) နှင့် အမှုဆောင်များမှ ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးကြသည်။ ထိုနောက် အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း) မှ အဖွင့်ကြိုဆိုကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နာယက အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီဦးစိုးမိုး မှ အမှာစကား ပြောကြားသည်။ ထိုနောက် ဈေးရောင်းပွဲတော်သို့ တက်ရောက်လာကြသူများ ကို အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံကာ ပွဲတော်အတွင်း ခင်းကျင်းပြသ ရောင်းချနေသော ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြကာ ပျော်ရွှင်စွာ ဝယ်ယူအားပေးကြသည်။ ဈေးပွဲတော်တွင်Read More →

မြန်မာနိုင်ငံဓာတ်ပုံအသင်း ၏ ၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာပစ္စည်း ဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁ ရက်နှင့် ၂ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ၅နာရီအထိ မြန်မာနိုင်ငံဓာတ်ပုံအသင်း ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်း ၏ ၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာပစ္စည်း ဈေးရောင်းပွဲတော်သို့ ကြွရောက်ကြပါရန် အသင်းသူ အသင်းသားများ၊ ကင်မရာနှင့် ဓာတ်ပုံပစ္စည်းများကို စိတ်ဝင်စားသူ အားလုံးကို ဖိတ်ကြားအပ်ပါသည်။Read More →