FAQ
ဘယ်သူတွေ ဓါတ်ပုံအသင်းဝင်လို့ရပါသလဲ။
အသက် ( ၁၈ ) နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား မည်သူမဆို အသင်းဝင်လို့ရပါတယ်။
နိုင်ငံခြားသားတွေ အသင်းဝင်လို့ရပါသလား။
နိုင်ငံခြားသားတွေ အသင်းဝင်လို့မရနိုင်သေးပါဘူး။
အသင်းဝင်ဖို့ ဘာတွေလိုအပ်ပါသလဲ။
ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံချက် / အမျိုးသားမှတ်ပုံတင်မိတ္တူ / လိုင်စင်ဓါတ်ပုံ ( ၂ ) ပုံ မြန်မာနိုင်ငံဓါတ်ပုံအသင်းတွင် လျှောက်လွှာဝယ်ယူပြီး လျှောက်ထားနိုင်ပါတယ်။
ဓါတ်ပုံသင်တန်းတွေ ဖွင့်ပါသလား။
ဟုတ်ကဲ့ ၊ နှစ်စဉ် ဇွန်လဆန်းမှာ အခြေခံဓါတ်ပုံပညာသင်တန်းတွေဖွင့်ပါတယ်။
ဘယ်သူတွေ သင်တန်းတက်လို့ရပါသလဲ။
ဓါတ်ပုံပညာလေ့လာလိုသူ မည်သူမဆို သင်တန်းတက်ရောက်နိုင်ပါတယ်။
အသင်းဝင်ရင် ဘာတွေအကျိုးရှိမလဲ။
အသင်းဝင်တွေအတွက် လစဉ် ( Outdoor ) ခရီးစဉ်တွေ ၊ Model ရိုက်ကူးခြင်းတွေ စီစဉ်ပေးပါတယ် ။ လစဉ်နှင့် ( ၃ ) လပတ် ဓါတ်ပုံပြိုင်ပွဲတွေလည်း ကျင်းပပေးပါတယ်။ အခါအားလျော်စွာ Workshop တွေ ၊ စကားဝိုင်းတွေ ၊ ဈေးရောင်းပွဲတော်တွေ ၊ ဓါတ်ပုံပြပွဲတွေ ကျင်းပပေးပါတယ်။
အခြေခံဓါတ်ပုံသင်တန်းဘယ်အချိန်ဖွင့်သလဲ?
နှစ်စဉ်မေလနောက်ဆုံးအပတ်တွင်ခေါ်ယူပြီး ဇွန်လဆန်းတွင်ဖွင့်လှစ်ပါမည်။