MPS

  • International Salon
  • All Myanmar Photo Festival
  • Winning Photo
  • Bulletin
  • EC Member

Rules & Regulations

“STAY AT HOME” MPS Photography Salon 2020 လတ်တလောဖြစ်ပွားနေသော Covid 19 ပြသနာကို အိမ်တွင်နေပြီး တွန်းလှန်နိုင်သည် ဆိုတာကို သိသာစေရန်။

လတ်တလော အခြေအနေအရ ပြိုင်ပွဲဝင်ဓာတ်ပုံသမားများ အိမ်တွင်းအောင်းနေရချိန်တွင် စိတ်ထွတ်ပေါက် တခုခုရစေရန်။ ယခုချိန်တွင် “လူတိုင်းအိမ်မှာနေရမည်” ဆိုသည်ကို သတင်းစကား ပေးနိုင်စေရန်။ အိမ်ထဲတွင်လည်း ဓာတ်ပုံကောင်းတွေ ရိုက်နိုင်သည်ဆိုတာကို လက်တွေ.သိသာစေရန်။ ပြိုင်ပွဲဝင်ဓာတ်ပုံသမားများ ဓာတ်ပုံရိုက်ဖြစ်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံဓာတ်ပုံအသင်းဝင်များ တခြား International Photography Salon ပြိုင်ပွဲကြီးကို လွယ်ကူစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အတွေ့အကြုံရရှိစေရန်၊ website မှတဆင့် တိုက်ရိုက်ယှဉ်ပြိုင်ရသော နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်တက်ကြစေရန်၊ နောင်တွင်လည်း သုံးလပတ်ပြိုင်ပွဲများကို မြန်မာနိုင်ငံဓာတ်ပုံအသင်း website မှ တိုက်ရိုက်ယှဉ်ပြိုင်ကြရမည်ဖြစ်ရာ အခက်အခဲမရှိကြစေရန်အတွက်လည်း ရည်ရွယ်ပါသည်။ ယခုပြိုင်ပွဲကိုလည်း နိုင်ငံတကာ ဓာတ်ပုံ Salon ပြိုင်ပွဲများကျင်းပသည့် ပုံစံအတိုင်း ကျင်းပပြုလုပ်ပါမည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်း၀င်မည်သူမဆို အသင်း website မှ တိုက်ရိုက် ယှဉ်ပြိုင်နိုင်ကြပါသည်။ တခြားနည်းဖြင့် ဓာတ်ပုံများပေးပို့ ယှဉ်ပြိုင်ခွင့်မပြုပါ။

ပြိုင်ပွဲ ခေါင်းစဉ် STAY AT HOME “အိမ်မှာနေကြမယ်” MPS Gold Medal + ၅ သိန်းကျပ်တိတိ MPS Silver Medal + ၃ သိန်းကျပ်တိတိ MPS Bronze Medal + ၁ သိန်းကျပ်တိတိ MPS Honorable Mention Award + ၅ သောင်းကျပ်တိတိ (၅)ဆု ပေးအပ်ပါမည်။ ပြိုင်ပွဲဝင်ကြေး မရှိ။ (ပေးသွင်းရန်မလို) ပြိုင်ပွဲပိတ်ရက် ၃၀-၀၄-၂၀၂၀ သောကြာနေ့

၁။ ပြိုင်ပွဲ၀င်တဦးလျှင် 8×12 inch 300 dpi အရွယ်အစား ဓာတ်ပုံ Data အများဆုံး (၄)ပုံအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

၂။ ၂၀၂၀ ခုနှစ် ဧပြီလ ၅ ရက်နေ.နောက်ပိုင်း ရိုက်ထားသော ဓာတ်ပုံများသာ ဖြစ်ရမည်။ တခြားဓာတ်ပုံများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါ။ ဆုရပါက ဓာတ်ပုံရိုက်ကူးသော အချိန်ကို စိစစ်နိုငရန်အတွက် မူရင်းဖိုင်ကို ပေးပို.ပေးရမည်။ စည်းကမ်းချက်ကို ဖောက်ဖျက်ပါက ယခုပြိုင်ပွဲတွင် ရထားသော ဆုအားလုံး ပယ်ဖျက်ခံရမည်။

၃။ ဓာတ်ပုံအကြောင်းအရာ ကန့်သတ်ချက်မရှိပါ၊ မိမိစိတ်ကြိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ သို.သော် မိမိနေအိမ်၊ တိုက်ခန်း၊ ခြံ၀န်းစသည် မိမိနေထိုင်ရာနေရာအတွင်း ရိုက်ကူးထားသော ဓာတ်ပုံများသာ ဖြစ်ရမည်။

၄။ Color ဖြစ်စေ၊ Monochrome ဖြစ်စေ စိတ်ကြိုက် ယှဉ်ပြိုင်နိုင်ပါသည်။

၅။ အခြားပြိုင်ပွဲများတွင် ဆုရထားပြီးသားဓာတ်ပုံများ ယှဉ်ပြိုင်ခွင့် မရှိပါ။

၆။ ဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာနည်းပညာ၊ အမှောင်ခန်းနည်းပညာ၊ ဓာတ်ပုံနည်းပညာ အစရှိသဖြင့် မည်သည့်နည်းပညာဖြင့်မဆို စိတ်ကြိုက် ပြုပြုင်ဖန်တီးခွင့်ရှိသည်။ သို့သော် ဓာတ်ပုံထဲတွင်ပါဝင်သမျှ အကြောင်းအရာများသည် မိမိရိုက်ကူးထားသော ၊ ဖန်တီးထားသော ဓာတ်ပုံများ ဖြစ်ရမည်။

၇။ ဓာတ်ပုံအနုပညာကို အခြေခံသော ပြိုင်ပွဲဖြစ်ပြီး ပြုပြင်ခြင်း၊ မပြုပြင်ခြင်းထက် ဓာတ်ပုံအနုပညာပေါ်တွင် အခြေခံရွေးချယ်သွားမည် ဖြစ်သည်။

၈။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဓာတ်ပုံအသင်းမှ အကဲဖြတ်ဒိုင်များဖြင့်သာ ရွေးချယ်သွားမည်။

၉။ အကဲဖြတ်ဒိုင်များ နှင့် အသင်းဥက္ကဌ မှအပ အသင်း၀င်မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။

၁၀။ ပြိုင်ပွဲဝင်တဦးသည် ရွှေ၊ငွေ၊ကြေး ဆုကြီး ၁ ဆုနှင့် တခြားဆုများကို အရေအတွက် အကန့်အသတ်မရှိ ခံစားခွင့် ရှိသည်။

၁၁။ ဆုများကို အသင်းဆုပေးပွဲတွင် တပေါင်းတည်း ချီးမြှင့်သွားမည်။

၁၂။ အသင်းwebsite တွင် မည်သူမဆို Registrar ပြုလုပ်၍ ယှဉ်ပြိုင်နိုင်ပါသည်။

၁၃။ ပုံအရွယ်အစား အကြီးဆုံးအဖြစ် 6×8 inches 300 dpi ထက်ပိုမကြီးရပါ။ File အရွယ်အစား 3 MB ထက် ပိုမများရပါ။

၁၄။ ပြိုင်ပွဲဝင်ဓာတ်ပုံ၏ မူလ file name နေရာတွေ ပြိုင်ပွဲဝင်အမည်၊ ဓာတ်ပုံခေါင်းစဉ်၊ ပြိုင်ပွဲကဏ္ဏတို့ကို မဖြစ်မနေ ပြောင်းရေးထားရမည်။ No Title , Untitled ဟု မရေးရ။ ဥပမာ မောင်မောင် က “အဖိုးအို” ဆိုတဲ့ ဓာတ်ပုံကို လူပုံကဏ္ဏတွင် တင်လိုပါက Mg Mg_Old Man_People ဟု ရေးရမည်။

၁၅။ ယင်းပြိုင်ပွဲတွင် ရရှိသောဆုများသည် မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ချီးမြှင့်သော ဓာတ်ပုံအနုပညာဆိုင်ရာဘွဲ့များ လျှောက်ထားရာတွင် ပြည်တွင်းပြိုင်ပွဲဆုအဖြစ် အကျုံးဝင်ပြီး သတ်မှတ်ထားသောအမှတ်များရမည် ဖြစ်ပါသည်။ (၂၀၁၉ ဖေဖော်ဝါရီလ ဘွဲ့ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ) ပြိုင်ပွဲ၀င်ဓာတ်ပုံများကို အသင်း website မှ တဆင့် လက်ခံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်။ အသင်း website အသုံးပြုအသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါက website ရေးရာကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြိုင်ပွဲဆုကြေးငွေနှင့် ကုန်ကျစရိတ်များအတွက် အသင်းဥက္ကဌမှ ပံ့ပိုးပေးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်းဝင်တိုင်း တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန် ကြိုတင်အသိပေးအပ်ပါသည်။

ဓာတ်ပုံပြိုင်ပွဲပြပွဲ ကျင်းပရေးကော်မတီ