“The Silk Road Youth International Photography Competition” Program ကျင်းပရေး ညှိနိုင်းအစည်းအဝေး

“The Silk Road Youth International Photography Competition” Program ကျင်းပရေး ညှိနိုင်းအစည်းအဝေး

တရုတ်နိုင်ငံ The Chinese Academy of Arts and photography (ILFlAP) ဓာတ်ပုံအသင်းနှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းတို့ “The Silk Road Youth International Photography Competition” Program ကျင်းပရေး ညှိနိုင်းအစည်းအဝေး ကို ဧပြီလ ၂၄ရက် မွန်းလွဲ တစ်နာရီတွင် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း တွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး၊ အတွင်းရေးမှုး ဦးညွှန့်နိုင်၊ တွဲဖက်အတွင်းရေးမှုး ဦးအောင်ပြည့်စိုး၊ ပြန်ကြားရေးမှုး ဦးတင်အောင်ကြီး နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ILFIAP မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အသင်းနှစ်သင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် “The Silk Road Youth International Photography Competition” Program ကျင်းပရေးဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ထိုနောက် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

Comments are closed, but trackbacks and pingbacks are open.