Open Photography Salon

Open Photography Salon

FIAP Certificate

Open Photography Salon
FIAP အသိအမှတ်ပြု 1st Myanmar International Photography Salon ပြုလုပ်ခွင့်ကို FIAP မှ တရားဝင် ခွင့်ပြုပေးလိုက်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ထို နိုင်ငံတကာ ပြိုင်ပွဲကြီး မကျင်းပမှီ မြန်မာနိုင်ငံဓာတ်ပုံအသင်းဝင်တိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သော Open Photography Salon ဓာတ်ပုံပြိုင်ပွဲကြီးကို 1st Myanmar International Salon အကြိုအဖြစ် ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ပါမည်။
မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဝင်များ 1st Myanmar International Salon ပြိုင်ပွဲကြီးကို လွယ်ကူစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အတွေ့အကြုံရရှိစေရန်၊ website မှတဆင့် တိုက်ရိုက်ယှဉ်ပြိုင်ရသော နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်တက်ကြစေရန်၊ နောင်တွင်လည်း သုံးလပတ်ပြိုင်ပွဲများကို မြန်မာနိုင်ငံဓာတ်ပုံအသင်း website မှ တိုက်ရိုက်ယှဉ်ပြိုင်ကြရမည်ဖြစ်ရာ အခက်အခဲမရှိကြစေရန် ရည်ရွယ်ကျင်းပပါသည်။
ပြိုင်ပွဲကို နိုင်ငံတကာ ဓာတ်ပုံ Salon ပြိုင်ပွဲများအတိုင်း ကျင်းပပြုလုပ်ပါမည်။ မြန်မာနိုင်ငံဓာတ်ပုံအသင်းဝင်တိုင်း အသင်းwebsite မှ တိုက်ရိုက်ယှဉ်ပြိုင်ကြရမည်။ တခြားနည်းဖြင့် ယှဉ်ပြိုင်ခွင့်မပြု။
ပြိုင်ပွဲ ကဏ္ဏ
၁။ Open Color (စိတ်ကြိုက် ဆေးရောင်စုံ)
၂။ Open Monochrome (စိတ်ကြိုက် Monochrome) အဖြူအမည်းသီးသန့်မဟုတ်ပါ
2MPS Gold Awards, 2MPS Silver Awards, 2MPS Bronze awards, 6 MPS Honorable Mention Awards ဆုများ ပေးအပ်မည်။
ပြိုင်ပွဲဝင်ကြေး အခမဲ့
ပြိုင်ပွဲပိတ်ရက် ၂၂-၀၇-၂၀၁၈ တနင်္ဂနွေ့နေ့
၁။ပြိုင်ပွဲ တကဏ္ဏလျှင် 8×12 inch 300 dpi အရွယ်အစား ဓာတ်ပုံ Data အများဆုံး (၄)ပုံအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
၂။ ဓာတ်ပုံတပုံတည်းကို ကဏ္ဏ (၂)ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြု။ ဝင်ရောက်ယှဉ်ပြိုင်ပါက ကဏ္ဏ(၂)ခုစလုံးမှ ထုတ်ပယ်ခံရမည်။
၃။ဓာတ်ပုံအကြောင်းအရာ ကန့်သတ်ချက်မရှိပါ၊ မိမိစိတ်ကြိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ဆုရပြီးသား ဓာတ်ပုံများလည်း ယှဉ်ပြိုင်ခွင့်ရှိသည်။
၎။ ဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာနည်းပညာ၊ အမှောင်ခန်းနည်းပညာ၊ ဓာတ်ပုံနည်းပညာ အစရှိသဖြင့် မည်သည့်နည်းပညာဖြင့်မဆို စိတ်ကြိုက် ပြုပြုင် ဖန်တီးခွင့်ရှိသည်။
သို့သော် ဓာတ်ပုံထဲတွင်ပါဝင်သမျှ အကြောင်းအရာများသည် မိမိရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်ရမည်။
၅။ဓာတ်ပုံအနုပညာကို အခြေခံသော ပြိုင်ပွဲဖြစ်ပြီး ပြုပြင်ခြင်း၊ မပြုပြင်ခြင်း၊ ဆုရဖူးခြင်း၊ မရဖူးခြင်းထက် ဓာတ်ပုံအနုပညာပေါ်တွင် အခြေခံရွေးချယ်သွားမည် ဖြစ်သည်။
၆။ပြိုင်ပွဲဝင်ဓာတ်ပုံများကို 1st Myanmar International Salon ပြိုင်ပွဲကြီးအတွက် သတ်မှတ်ထားပြီးဖြစ်သော အကဲဖြတ်ဒိုင်များဖြင့်သာ ရွေးချယ်သွားမည်။
၇။အကဲဖြတ်ဒိုင်များမှအပ မည်သည့်အသင်းဝင်မဆို ယှဉ်ပြိုင်ခွင့် ရှိသည်။
၈။ဆုများကို All Myanmar ပြိုင်ပွဲ ဆုပေးပွဲတွင် တပေါင်းတည်း ချီးမြှင့်သွားမည်။
၉။www.mps-1950.org တွင် အသင်းဝင်တိုင်း log in ပြုလုပ်၍ ယှဉ်ပြိုင်ရမည်။
မြန်မာနိုင်ငံဓာတ်ပုံအသင်း website တွင် ပုံတင်နိုင်ရေးအတွက် log in ပြုလုပ်ပုံ အဆင့်ဆင့်ကို မကြာမှီ တင်ပေးသွားမည်။ အသင်းမှ website အသုံးပြုပုံကို ထုတ်ပြန်ပြီးနောက် အဆင်မပြေမှုများ ရှိပါက website ရေးရာကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ပြိုင်ပွဲပုံတင်နိုင်ရေး၊ website အသုံးပြုနိုင်ရေး နှင့် 1st Myanmar International Photography Salon ဓာတ်ပုံပြိုင်ပွဲကြီးနှင့် ပက်သက်သမျှ အကြောင်းအရာများကို လာမည့်ဓာတ်ပုံစကားဝိုင်းတွင် အသေးစိတ် ဆွေးနွေးတင်ပြပေးပါမည်။
ဓာတ်ပုံစကားဝိုင်းကို 14-07-2018 စနေနေ့ နေ့လည် ၂နာရီတွင် မြန်မာနိုင်ငံဓာတ်ပုံအသင်းခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ပြိုင်ပွဲဝင် ဓာတ်ပုံအသင်းဝင်တိုင်း မပျက်မကွက် တက်ရောက်ပေးစေ လိုပါသည်။
မြန်မာနိုင်ငံဓာတ်ပုံအသင်းဝင်တိုင် တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန် ကြိုတင်အသိပေးအပ်ပါသည်။
ဓာတ်ပုံပြိုင်ပွဲပြပွဲ ကျင်းပရေးကော်မတီ

Comments are closed, but trackbacks and pingbacks are open.